ထင်ကျော် (နိုင်ငံတော်သမ္မတ)
ဦးထင်ကျော် | |
---|---|
မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၂၁ မတ် ၂၀၁၈ | |
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် | ဒေါ်အောင်ဆန်းစုကြည် |
ဒုတိယ သမ္မတ | ဦးမြင့်ဆွေ ဦးဟင်နရီဗန်ထီးယူ |
ယခင်လူ | ဦးသိန်းစိန် |
ဆက်ခံသူ |
|
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း တွင် အလုပ်အမှုဆောင် | |
တာဝန်သက်တမ်း ၂၀၁၂ – ၂၀၁၆ | |
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူး။ | |
တာဝန်သက်တမ်း ၁၉၈၀ – ၁၉၉၂ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ရန်ကုန်မြို့၊ ဗြိတိသျှ ဘားမား[၁] | ၂၀ ဇူလိုင်၊ ၁၉၄၆
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါ်စုစုလွင် |
မိဘ | မင်းသုဝဏ် (ဖခင်) ဒေါ်ကြည်ကြည် (မိခင်) |
မိခင်ကျောင်း | ရန်ကုန် စီးပွားရေး တက္ကသိုလ် Institute of Computer Sciences University of London Arthur D. Little School of Management |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဦးထင်ကျော် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ စာရေးဆရာနှင့် မြန်မာနိုင်ငံ၏ သမ္မတ အဖြစ် ၂၀၁၆ မတ်လမှ ၂၀၁၈ မတ်လ အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဒုသမ္မတလောင်း အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက အဆိုပြုခြင်းခံကာ[၂][၃][၄] ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဦးထင်ကျော်အား ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အရပ်သားသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။[၅][၆][၇] ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည်။[၈]
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးထင်ကျော်ကို ၁၉၄၆ ဇူလိုင် ၂၀ တွင် ဖခင်စာရေးဆရာ မင်းသုဝဏ် နှင့် မိခင် ဒေါ်ကြည်ကြည်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ ဖခင် မင်းသုဝဏ် သည် မွန်-မြန်မာမျိုးရိုးဖြစ်သည်။ မွေးချင်း (၃) ယောက်ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သည်။[၉][၁၀] ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက် တစ်နှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း (အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။
ပညာရေး
[ပြင်ဆင်ရန်]၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင် စီးပွားရေးပညာဘွဲ့ (B.Eco) ရရှိခဲ့သည်။၁၉၇၀ ပြည့်နှစ်တွင် ကွန်ပျူတာ တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကွန်ပျူတာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။[၁၁] နိုင်ငံတော် မှ ပညာတော်သင်ဆု ရရှိပြီး လန်ဒန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၇ တွင် Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့သည်။[၁၂]
နိုင်ငံ့ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]၁၉၆၈ မဟာတန်း တက်စဉ် အချိန်ကာလအတွင်း တက္ကသိုလ်နည်းပြအတွင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၁၃]
၁၉၇၅ ခုနှစ်မှာပင် အကြီးစားစက်မှုလုပ်ငန်းတွင် ဌာနခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ မှ ၁၉၉၂ ထိ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန တွင် ဒုတိယ ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်မှ အနားယူခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတွင် စတင်တည်ထောင်စဉ်မှ သမ္မတ မဖြစ်မီအထိ အလုပ်အမှုဆောင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ငယ်သူငယ်ချင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ်သည်။[၁၄] သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သော လူအနည်းစုတွင် ဦးထင်ကျော်လည်း ပါဝင်သည်။[၁၅] ၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်း ဖြစ်သည်။[၁၃][၁၆][၁၇] NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။
နိုင်ငံတော် သမ္မတ
[ပြင်ဆင်ရန်]၂၀၁၆ မတ်လ ၁၅ ရက်တွင် ဦးထင်ကျော်အား ပြည်ထောင်စု လွှတ်တော်မှ သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။[၁၈] ၂၀၁၆ မတ်လ ၁၇ ရက်တွင် ဦးထင်ကျော်သည် ဝန်ကြီးဌာနများမှ ဝန်ကြီး ၂၁ ဦးအား ၁၈ ဦးအဖြစ် ပြန်လည်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။[၁၉] ၂၁ မတ် ၂၀၁၆ တွင် ဝန်ကြီးများအား ပြန်လည်ဖွဲ့စည်းရန် လွှတ်တော်မှ အတည်ပြုခဲ့သည်။[၂၀]
၂၀၁၆ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကြိမ်ဆိုပြီး မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတဖြစ်လာခဲ့သည်။[၂၁][၂၂] နိုင်ငံတော် သမ္မတအိမ်တော်တွင် သမ္မတဟောင်း ဦးသိန်းစိန် ထံမှ သမ္မတအဆောင်အယောင် ဖြစ်သော ရွှေစလွယ်ကို လွှဲပြောင်းကာ နိုင်ငံတော် အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၈) ဖြင့် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ကြော်ငြာခဲ့သည်။[၈]
နိုင်ငံတော်အဆင့် ခရီးစဉ်များ
[ပြင်ဆင်ရန်]ဦးထင်ကျော်သည် သမ္မတအဖြစ်တာဝန်ယူနေစဉ်က နိုင်ငံတော်အဆင့်ခရီးစဉ်များ သွားရောက်ခဲ့သည်။
စာပေရေးသားခြင်း
[ပြင်ဆင်ရန်]ဦးထင်ကျော်သည် "ဒလဘန်း" ကလောင်အမည်ဖြင့် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။ သူ၏ဖခင် မင်းသုဝဏ်အကြောင်းကို အဘဘဝ အဘအကြောင်း တစေ့တစောင်း အမည်ဖြင့် စာအုပ်ရေးသားခဲ့သည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သမ္မတသစ် ဦးထင်ကျော်၏ အစ်ကို ဦးကျော်စိုးနှင့် တွေ့ဆုံခြင်း (၁၇ မတ် ၂၀၁၆)။ 20 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ Ei Ei Toe Lwin။ Daw Suu eyes foreign minister role။ 13 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
- ↑ NLD Dropped a Name List to Lead Its New Government။ The Burma Times။ 24 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Starts New Parliamentarye Era။ The Bangkok Post။ 6 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Myanmar parliament elects first civilian president in decades။ BBC။
- ↑ Htin Becomes First Civilian Myanmar President။ TRT။ 15 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Who is Htin Kyaw, Myanmar’s new president?။ South China Morning Post (16 March 2016)။
- ↑ ၈.၀ ၈.၁ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ်၊ ၁ / ၂၀၁၈ (၂၁ မတ် ၂၀၁၈)။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ U Wun (Minthuwun) Bio Data။ 13 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
- ↑ ၁၀.၀ ၁၀.၁ Who Is Htin Kyaw, Myanmar's Newly Elected President?။ VOA။
- ↑ U Htin Kyaw from Computer Science grad to NLD loyalist။ Myanmar Times။ 5 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Myanmar's NLD nominates presidential candidate | Kyodo News။ 2016-03-10 တွင် ပြန်စစ်ပြီး။
- ↑ ၁၃.၀ ၁၃.၁ မြန်မာနိုင်ငံရဲ့ ကိုးဦးမြောက် နိုင်ငံတော်သမ္မတ။ 2016-03-15 တွင် ပြန်စစ်ပြီး။
- ↑ “ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်"။ 7daydaily။ 11 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Holmes၊ Oliver။ "Myanmar parliament elects Htin Kyaw as first civilian president in 53 years" (in en-GB)၊ 2016-03-15။ 2016-03-16 တွင် ပြန်စစ်ပြီး။
- ↑ NLD names U Htin Kyaw for president။ Myanmar Times။ 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Simon Lewis။ Myanmar: Who Is Htin Kyaw, Burma's New President?။ TIME.com။
- ↑ Myanmar Lawmakers Name Htin Kyaw President, Affirming Civilian Rule။ The New York Times။ 16 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Htinkyaw propose formation of Ministries။ Global Times။ 24 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Parliament Approves President-Elect’s Proposal to Downsize Ministries။ Irrawaddy။
- ↑ “Myanmar's Htin Kyaw sworn in as president"။ Aljazeera News။ 30 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Ei Ei Toe Lwin, Lun Min Mang။ U Htin Kyaw takes oath of office and asks for patience။ Myanmar Times။ 2 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2016 တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
---|---|---|
ယခင်က သိန်းစိန် |
မြန်မာနိုင်ငံ၏ သမ္မတ ၂၀၁၆– ၂၀၁၈ |
ဆက်ခံသူ ဦးမြင့်ဆွေ ယာယီ |