မာတိကာသို့ ခုန်သွားရန်

ဗင်နီဇွဲလားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၇ - စာကြောင်း ၄၇ -
ဗင်နီဇွဲလားနိုင်ငံ (Bolivarian Republic of Venezuela) သည် တောင်အမေရိကတိုက်၏ မြောက်ဖက်အကျဆုံးသောနိုင်ငံ ဖြစ်သည်။ ယင်းကို ဗင်နီဇွဲလားပြည်ထောင်စုသမ္မတနိုင်ငံဟု ခေါ်သည်။ မြောက်ဖက်တွင် ကာရေးဗီယန်းပင်လယ်၊ အရှေ့ဖက်တွင် ဂီယားနားနယ်များ၊ အရှေ့တောင်ဖက်တွင် ဘရာဇီးနိုင်ငံ၊ အနောက်ဖက်နှင့် အနောက်တောင်ဖက်တွင် ကိုလံဘီယာနိုင်ငံတို့ရှိသည်။ အရှေ့မှ အနောက်သို့ ၉၂၈ မိုင်ကျယ်၍ တောင်မှမြောက် ၇၉၀ မိုင် ရှည်သည်။ ကမ်းရိုးတန်းသည် ၁၇၅၀ မိုင်ရှည်၍ တနိုင်ငံလုံး၏ အကျယ်အဝန်းမှာ ၃၅၂,၁၄၃ စတုရန်းမိုင်ဖြစ်လျှက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တဆခွဲနီးနီးရှိသည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံများအနက် ဆဋ္ဌမအကြီးဆုံးနိုင်ငံ ဖြစ်သည်။

ဗင်နီးဇွဲလားဟူသောအမည်မှာ စပိန်ဘာသာဖြင့် ဗင်းနစ်မြို့ကလေးဖြစ်သည်။ ၁၄၉၉ ခုတွင် စပိန်လူမျိုး အလွန်းဆိုသေအိုဇေဒါခေါင်းဆောင်သော စွန့်စားရှာဖွေသူ တစုသည် ယခု မာရာကိုင်းဗိုအိုင်အတွင်း ရေတိမ်ရာ၌ တိုင်များစိုက်၍ တဲအိမ်ခြေတံရှည်များဆောက်လုပ်ထားသော အင်ဒီးယန်းရွာကို တွေ့မြင်ရသောအခါ ဗင်းနစ်မြို့၏ ရှုခင်းနှင့်ဆင်ဆင်တူသဖြင့် ဗင်နီဇွဲလားဟု မှည့်ခေါ်ခဲ့သည်။ ယင်းမှ တနိုင်ငံလုံးကို ဗင်နီဇွဲလားဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

တောင်အမေရိကတိုက် အနောက်ဖက်ကမ်းရိုးတလျှောက်တန်းလျှက်ရှိသော အန်းဒီးတောင်တန်းကြီးမှ တောင်တန်းခွဲကလေးများသည် ဗင်နီဇွဲလားနိုင်ငံ အနောက်တောင်ဖက်၊ အလယ်ဖက်နှင့် မြောက်ဖက်တို့သို့ ဖြာထွက်လာလေသည်။ တောင်အမေရိကတိုက်၏ တတိယအကြီးဆုံးမြစ်ဖြစ်သော အောင်ရင်နိုးကိုးမြစ်နှင့် ယင်း၏ မြစ်လက်တက်ပေါင်း ၄၃၆ ခုတို့သည် ဗင်နီဇြွလားနိုင်ငံ အကျယ်အဝန်း၏ ၅ ပုံ ၄ ပုံ တွင် ပိုက်ကွန်ကြီးသဖွယ် ဖြန့်၍ စီးဆင်းလျက်ရှိသည်။ အော်ရင်နိုးကိုးမြစ်သည် မိုင် ၁,၇၀၀ ခန့် ရှည်၍ ပွားတိုအယာကူချိမြို့တည်ရာ မြစ်ဝမှ မိုင် ၁,၀၀၀ ခန့်အထိ လှေသင်္ဘောများသွားလာနိုင်သည်။ အော်ရင်းနိုးကိုးမြစ်ဝှမ်းဒေသ၏ ထူးခြားချက်တရပ်မှာ အမေဇုန်မြစ်၊ နီးဂရိုးမြစ်တို့နှင့် အော်ရင်နိုးကိုးမြစ်ကို သဘာ၀တူးမြောင်းကြီးသဖွယ် ဆက်လျက်ရှိသော ကာဆီကွီးယားရေးမြစ်ပင် ဖြစ်သည်။ အတ္တလန္တိတ် သမုဒ္ဒရာမှ အော်ရင်နိုးကိုးမြစ်ကို ဆန်တက်လာသည့် သင်္ဘောများသည် ကာဆီကွီယားရေမှတဆင့် နီးဂရိုးမြစ်၊ ယင်းမှ အမေဇုန်မြစ်ကို စုန်ဆင်းကာ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ပြန်ထွက်နိုင်လေသည်။
တောင်အမေရိကတိုက် အနောက်ဖက်ကမ်းရိုးတလျှောက်တန်းလျှက်ရှိသော အန်းဒီးတောင်တန်းကြီးမှ တောင်တန်းခွဲကလေးများသည် ဗင်နီဇွဲလားနိုင်ငံ အနောက်တောင်ဖက်၊ အလယ်ဖက်နှင့် မြောက်ဖက်တို့သို့ ဖြာထွက်လာလေသည်။ တောင်အမေရိကတိုက်၏ တတိယအကြီးဆုံးမြစ်ဖြစ်သော အောင်ရင်နိုးကိုးမြစ်နှင့် ယင်း၏ မြစ်လက်တက်ပေါင်း ၄၃၆ ခုတို့သည် ဗင်နီဇွဲလားနိုင်ငံ အကျယ်အဝန်း၏ ၅ ပုံ ၄ ပုံ တွင် ပိုက်ကွန်ကြီးသဖွယ် ဖြန့်၍ စီးဆင်းလျက်ရှိသည်။ အော်ရင်နိုးကိုးမြစ်သည် မိုင် ၁,၇၀၀ ခန့် ရှည်၍ ပွားတိုအယာကူချိမြို့တည်ရာ မြစ်ဝမှ မိုင် ၁,၀၀၀ ခန့်အထိ လှေသင်္ဘောများသွားလာနိုင်သည်။ အော်ရင်းနိုးကိုးမြစ်ဝှမ်းဒေသ၏ ထူးခြားချက်တရပ်မှာ အမေဇုန်မြစ်၊ နီးဂရိုးမြစ်တို့နှင့် အော်ရင်နိုးကိုးမြစ်ကို သဘာ၀တူးမြောင်းကြီးသဖွယ် ဆက်လျက်ရှိသော ကာဆီကွီးယားရေးမြစ်ပင် ဖြစ်သည်။ အတ္တလန္တိတ် သမုဒ္ဒရာမှ အော်ရင်နိုးကိုးမြစ်ကို ဆန်တက်လာသည့် သင်္ဘောများသည် ကာဆီကွီယားရေမှတဆင့် နီးဂရိုးမြစ်၊ ယင်းမှ အမေဇုန်မြစ်ကို စုန်ဆင်းကာ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ပြန်ထွက်နိုင်လေသည်။
ဗင်နီဇွဲလားနိုင်ငံကို သဘာဝအားဖြင့် ၄ ပိုင်းခွဲခြားနိုင်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသ၊ တောင်တန်းဒေသ၊ ကုန်းပြင်မြင့်ဒေသနှင့် အီလာနော့ခေါ် လွင်ပြင်ဒေသတို့ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသတွင် ကမ်းရိုးလွန်ရှိ ကျွန်းကလေးများပါဝင်သည်။ စတုရန်းမိုင် ၂၀,၀၀၀ ကျော် ကျယ်ဝန်းသည်။ ပုလဲဖမ်းလုပ်ငန်း အများအပြား လုပ်ကိုင်သည်။ ဗင်နီဇွဲလားနိုင်ငံထွက် ရေနံအများဆုံးထွက်ရာ ဒေသဖြစ်သည်။ ရာသီဥတုမှာ ပူ၍ စိုစွတ်သည်။ တောင်တန်းဒေသသည် ဗင်နီဇွဲလားမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ အန်းဒီးတောင်တန်းမှ ဖြာထွက်သော တောင်တန်းများနှင့် မိုင်ပေါင်း ၅၀၀ ခန့် ကမ်းရိုးတန်းနှင့်ပြိုင်၍ တန်းဆင်းသွားသော တောင်တန်းများရှိရာ ဒေသ ဖြစ်သည်။ ယင်းဒေသသည် စတုရန်းမိုင်ပေါင်း ၄၀,၀၀၀ ခန့် ကျယ်ဝန်း၍ နိုင်ငံရေးနှင့် စီးပွားရေးလောက၏ အာရုံစူးစိုက်ရာ ဒေသဖြစ်သည်။ အော်ရင်နိုးကိုးမြစ်၏ လက်ျာဖက်ကမ်းမှ ဗင်နီဇွဲလား - ဘရာဇီးနိုင်ငံနယ်နိမိတ်အတွင်းရှိ ဂီယားနား ကုန်းပြင်မြင့်ဒေသသည် ဗင်နီဇွဲလားနိုင်ငံ၏ တဝက်ခန့်ရှိသည်။

<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ ၈ - (က) စာ ၁၁၉/၂၅၂</ref>
<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ ၈ - (က) စာ ၁၁၉/၂၅၂</ref>

၁၅:၀၉၊ ၁၄ ဇန်နဝါရီ ၂၀၁၂ ရက်နေ့က မူ

ဗင်နီဇွဲလား ဘိုလီဗေးရီးယန်း သမ္မတ နိုင်ငံ
Bolivarian Republic of Venezuela
República Bolivariana de Venezuela
ဗင်နီဇွဲလားနိုင်ငံ၏ အလံတော်
အလံတော်
ဗင်နီဇွဲလားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: ဘုရားသခင်နှင့် ဖက်ဒရေးရှင်း
နိုင်ငံတော် သီချင်း: Glory to the Brave People
ဗင်နီဇွဲလားနိုင်ငံ ၏ တည်နေရာ
မြို့တော်ကရာကတ်စ်မြို့
အကြီးဆုံးမြို့ကရာကတ်စ်မြို့
ရုံးသုံး ဘာသာစကားများစပိန်ဘာသာ
အမျိုးအစားဖက်ဒရယ် ပါလီမန် ဖွဲ့စည်းပုံ သမ္မတအစိုးရ
အစိုးရ
• သမ္မတ
Hugo Chávez Frías
• ဒုသမ္မတ
Elías Jaua
တည်ထောင်
• လွတ်လပ်ရေး (စပိန်မှ)
ဇူလိုင် ၅၊ ၁၈၁၁
• လွတ်လပ်ရေး (ဂရန်းကိုလံဘီယာမှ)
ဇန်နဝါရီ ၁၃၊ ၁၈၃၀
• ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ဒီဇင်ဘာ ၂၀၊ ၁၉၉၉
ဧရိယာ
• စုစုပေါင်း
၃၅၃,၈၄၁စတုရန်းမိုင်(၉၁၆,၄၄၅km²) (အဆင့်: ၃၃)
• ရေထု (%)
၀.၃၂
လူဦးရေ
• ခန့်မှန်း
၂၉,၁၀၅,၆၃၂(၂၀၀၉) (အဆင့် - ၄၀)
• သိပ်သည်းမှု
၃၀.၂/km² (၇၇/sq mi) (အဆင့် - ၁၇၃)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၄၈.၁၄၀ ဘီလီယံ
• Per capita
US $၁၄,၃၄၂
HDIDecrease ၀.၆၉၆(အမြင့်)[၁]
အမှား။ မရေရာသော HDI တန်ဖိုး · ၇၅
ငွေကြေးဗင်နီဇွဲလား ဘိုလီဗာ
အချိန်ဇုန်-၄.၅
တယ်လီဖုန်းကုဒ်+၅၈
Internet TLD.ve

ဗင်နီဇွဲလားနိုင်ငံ (Bolivarian Republic of Venezuela) သည် တောင်အမေရိကတိုက်၏ မြောက်ဖက်အကျဆုံးသောနိုင်ငံ ဖြစ်သည်။ ယင်းကို ဗင်နီဇွဲလားပြည်ထောင်စုသမ္မတနိုင်ငံဟု ခေါ်သည်။ မြောက်ဖက်တွင် ကာရေးဗီယန်းပင်လယ်၊ အရှေ့ဖက်တွင် ဂီယားနားနယ်များ၊ အရှေ့တောင်ဖက်တွင် ဘရာဇီးနိုင်ငံ၊ အနောက်ဖက်နှင့် အနောက်တောင်ဖက်တွင် ကိုလံဘီယာနိုင်ငံတို့ရှိသည်။ အရှေ့မှ အနောက်သို့ ၉၂၈ မိုင်ကျယ်၍ တောင်မှမြောက် ၇၉၀ မိုင် ရှည်သည်။ ကမ်းရိုးတန်းသည် ၁၇၅၀ မိုင်ရှည်၍ တနိုင်ငံလုံး၏ အကျယ်အဝန်းမှာ ၃၅၂,၁၄၃ စတုရန်းမိုင်ဖြစ်လျှက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တဆခွဲနီးနီးရှိသည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံများအနက် ဆဋ္ဌမအကြီးဆုံးနိုင်ငံ ဖြစ်သည်။ ဗင်နီးဇွဲလားဟူသောအမည်မှာ စပိန်ဘာသာဖြင့် ဗင်းနစ်မြို့ကလေးဖြစ်သည်။ ၁၄၉၉ ခုတွင် စပိန်လူမျိုး အလွန်းဆိုသေအိုဇေဒါခေါင်းဆောင်သော စွန့်စားရှာဖွေသူ တစုသည် ယခု မာရာကိုင်းဗိုအိုင်အတွင်း ရေတိမ်ရာ၌ တိုင်များစိုက်၍ တဲအိမ်ခြေတံရှည်များဆောက်လုပ်ထားသော အင်ဒီးယန်းရွာကို တွေ့မြင်ရသောအခါ ဗင်းနစ်မြို့၏ ရှုခင်းနှင့်ဆင်ဆင်တူသဖြင့် ဗင်နီဇွဲလားဟု မှည့်ခေါ်ခဲ့သည်။ ယင်းမှ တနိုင်ငံလုံးကို ဗင်နီဇွဲလားဟု ခေါ်ဝေါ်ခဲ့ကြလေသည်။ တောင်အမေရိကတိုက် အနောက်ဖက်ကမ်းရိုးတလျှောက်တန်းလျှက်ရှိသော အန်းဒီးတောင်တန်းကြီးမှ တောင်တန်းခွဲကလေးများသည် ဗင်နီဇွဲလားနိုင်ငံ အနောက်တောင်ဖက်၊ အလယ်ဖက်နှင့် မြောက်ဖက်တို့သို့ ဖြာထွက်လာလေသည်။ တောင်အမေရိကတိုက်၏ တတိယအကြီးဆုံးမြစ်ဖြစ်သော အောင်ရင်နိုးကိုးမြစ်နှင့် ယင်း၏ မြစ်လက်တက်ပေါင်း ၄၃၆ ခုတို့သည် ဗင်နီဇွဲလားနိုင်ငံ အကျယ်အဝန်း၏ ၅ ပုံ ၄ ပုံ တွင် ပိုက်ကွန်ကြီးသဖွယ် ဖြန့်၍ စီးဆင်းလျက်ရှိသည်။ အော်ရင်နိုးကိုးမြစ်သည် မိုင် ၁,၇၀၀ ခန့် ရှည်၍ ပွားတိုအယာကူချိမြို့တည်ရာ မြစ်ဝမှ မိုင် ၁,၀၀၀ ခန့်အထိ လှေသင်္ဘောများသွားလာနိုင်သည်။ အော်ရင်းနိုးကိုးမြစ်ဝှမ်းဒေသ၏ ထူးခြားချက်တရပ်မှာ အမေဇုန်မြစ်၊ နီးဂရိုးမြစ်တို့နှင့် အော်ရင်နိုးကိုးမြစ်ကို သဘာ၀တူးမြောင်းကြီးသဖွယ် ဆက်လျက်ရှိသော ကာဆီကွီးယားရေးမြစ်ပင် ဖြစ်သည်။ အတ္တလန္တိတ် သမုဒ္ဒရာမှ အော်ရင်နိုးကိုးမြစ်ကို ဆန်တက်လာသည့် သင်္ဘောများသည် ကာဆီကွီယားရေမှတဆင့် နီးဂရိုးမြစ်၊ ယင်းမှ အမေဇုန်မြစ်ကို စုန်ဆင်းကာ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ပြန်ထွက်နိုင်လေသည်။ ဗင်နီဇွဲလားနိုင်ငံကို သဘာဝအားဖြင့် ၄ ပိုင်းခွဲခြားနိုင်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသ၊ တောင်တန်းဒေသ၊ ကုန်းပြင်မြင့်ဒေသနှင့် အီလာနော့ခေါ် လွင်ပြင်ဒေသတို့ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသတွင် ကမ်းရိုးလွန်ရှိ ကျွန်းကလေးများပါဝင်သည်။ စတုရန်းမိုင် ၂၀,၀၀၀ ကျော် ကျယ်ဝန်းသည်။ ပုလဲဖမ်းလုပ်ငန်း အများအပြား လုပ်ကိုင်သည်။ ဗင်နီဇွဲလားနိုင်ငံထွက် ရေနံအများဆုံးထွက်ရာ ဒေသဖြစ်သည်။ ရာသီဥတုမှာ ပူ၍ စိုစွတ်သည်။ တောင်တန်းဒေသသည် ဗင်နီဇွဲလားမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ အန်းဒီးတောင်တန်းမှ ဖြာထွက်သော တောင်တန်းများနှင့် မိုင်ပေါင်း ၅၀၀ ခန့် ကမ်းရိုးတန်းနှင့်ပြိုင်၍ တန်းဆင်းသွားသော တောင်တန်းများရှိရာ ဒေသ ဖြစ်သည်။ ယင်းဒေသသည် စတုရန်းမိုင်ပေါင်း ၄၀,၀၀၀ ခန့် ကျယ်ဝန်း၍ နိုင်ငံရေးနှင့် စီးပွားရေးလောက၏ အာရုံစူးစိုက်ရာ ဒေသဖြစ်သည်။ အော်ရင်နိုးကိုးမြစ်၏ လက်ျာဖက်ကမ်းမှ ဗင်နီဇွဲလား - ဘရာဇီးနိုင်ငံနယ်နိမိတ်အတွင်းရှိ ဂီယားနား ကုန်းပြင်မြင့်ဒေသသည် ဗင်နီဇွဲလားနိုင်ငံ၏ တဝက်ခန့်ရှိသည်။ [၂]

ကိုးကား

  1. Human Development Report 2010 (PDF)။ United Nations (2010)။ 5 November 2010 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ ၈ - (က) စာ ၁၁၉/၂၅၂