စစ်ကောင်စီက နိုင်ငံရေးအရ ဖြေရှင်းဖို့ ကမ်းလှမ်းချက်မှာ လက်မခံနိုင်တဲ့ အချက်တွေပါတာကြောင့် ဆက်ပြီးတော့ လက်နက်ကိုင် ဆက်တိုက်ခိုက်သွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ပြောလိုက်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ KNU ပြောခွင့်ရ ဖဒိုစောတောနီးကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီဗွီဒီယိုဆောင်းပါးမှာတော့ တိုင်းပြည်အတွက် ငြိမ်းချမ်းတဲ့အနာဂတ်တည်ဆောက်ရာမှာ အမျိုးသမီးတွေဟာ အဓိပ္ပါယ်ရှိတဲ့ အခန်းကဏ္ဍမှ ပါဝင်ဖို့လိုအပ်တယ်လို့ ပြောထားတဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူတစ်ဦးရဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။
အမေရိကန်အခြေစိုက် Obama Foundation က ပေးအပ်တဲ့ “၂၀၂၄−၂၅ ခုနှစ် အာရှပစိဖိတ်ခေါင်းဆောင်များ” ပညာသင်ဆုကို ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် Joy House ပီတိအိမ်အဖွဲ့ရဲ့ စီစဥ်ညွှန်ကြားရေးမှူး မနေခြည်ဝင်းက ဒီနှစ် ရရှိလိုက်ပါတယ်။
အမေရိကန်သမ္မတ Jimmy Carter ဟာ သမ္မတတာဝန်ကနေ အငြိမ်းစားယူပြီးနောက်ပိုင်းမှာ လူထုအကျိုးပြုလုပ်ငန်းတွေကို အချိန်ကာလ အကြာဆုံး စေတနာ့ဝန်ထမ်း လိုက်လံလုပ်ကိုင်သူတဦး ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး၊ ဒေသခံ အဖွဲ့အစည်းတွေနဲ့လည်း အတူ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။
ရွှေတြိဂံဒေသမှာ တားဆီးနှိမ်နင်းမှုမျိုးစုံလုပ်နေတဲ့ကြားကပဲ ဆိုင်ဘာအင်တာနက်ကနေ လိမ်လည်တာနဲ့မူးယစ်ဆေးဝါး ထုတ်လုပ်တာ၊ ငွေကြေး ခဝါချတာ၊ လူမှောင်ခိုကူးတာနဲ့ ရာဇ၀တ်မှုမျိုးစုံကိုသက်ဆိုင်ရာ အစိုးရတွေအဖို့ ကိုင်တွယ်ရခက်နေပါတယ်။
မော်တော်ကားတွေမှာပါတဲ့ တရုတ်ရဲ့နည်းပညာပစ္စည်းတွေဟာ နိုင်ငံ့လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဆိုပြီး − အမေရိကန်က တားမြစ်ဖို့လုပ်နေတာဟာ ကြောင်းကျိုးဆီလျော်မှု မရှိဘူးလို့ တရုတ်နိုင်ငံက တုံ့ပြန်လိုက်တဲ့အကြောင်း
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
တူရကီနိုင်ငံမှာ တင်းကြပ်တဲ့ စည်းမျဥ်စည်းကမ်း ကန့်သတ်ချက်တွေကြားကနေပဲ "စပျစ်ဝိုင်" ထုတ်လုပ်တဲ့ လုပ်ငန်းဟာ အရှိန်ရ တိုးတက်လာပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။
Miss Universe မယ်စကြာဝဠာပြိုင်ပွဲသက်တမ်းထက် အသက်ကြီးသူတဦး ကိုရီးယားမယ်စကြာဝဠာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူကတော့ အသက် (၈၁)အရွယ် ချွိုင်ဆွန်ဝှါးပါ။ ဒီနှစ်ပြိုင်ပွဲမှာ သူဘာကြောင့် ဝင်ပြိုင်ခွင့်ရသလဲဆိုတာနဲ့ သူ့ရဲ့ အတွေးအမြင်တွေအကြောင်း AP သတင်းဆောင်းပါးကို ကိုဝင်းခန့်မောင် ပြောပြထားပါတယ်။
မိုးကြီးရေကြီးမှု မြန်မာနိုင်ငံထဲ ဆက်ပြင်းထန်နေချိန်၊ အန္တရာယ်ရှိလာတဲ့ ကူးစက်ရောဂါတွေအတွက် နိုင်ငံတကာ အတွေ့အကြုံတွေကို သင်ခန်းစာယူဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ဒီအကြောင်း ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်းက မေးထားပါတယ်။
အောက်တိုဘာ ၃၊ ၂၀၂၄ - ရေကြီးလာချိန် ကူးစက်ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို နိုင်ငံတကာမှာ ဘယ်လိုရှိခဲ့ပြီး၊ ဘာတွေ ကြိုပြင်ထားသင့်ပါလဲ။
ကချင်ပြည်နယ်ထဲက ချီဖွေမြို့နဲ့ ဆော့လော်မြို့ကို ကချင်လွတ်လပ်ရေးတပ် KIA အပြီးသတ် သိမ်းပိုက်၊ အင်းလေးမှာ ရေကြီးရေလျှံမှု နောက်ဆက်တွဲ မြွေတွေပေါများလာတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်၊ ရခိုင်၊ အမ်းမြို့နယ်ထဲက ချင်းလူမျိုးတွေ နေထိုင်တဲ့ ရွာတွေမှာ အာရက္ခတပ်တော် (AA) က တပ်သားစုဆောင်းမှုတွေရှိ စသည်
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။