မာတိကာသို့ ခုန်သွားရန်

သံ

ဝစ်ရှင်နရီ မှ

အသံထွက်

[ပြင်ဆင်ရန်]

သံ (sam)

  • abstract noun
  • သံ
  • သံ(n)
  • current
  1. နားဖြင့်ကြားရသောအာရုံ။
    နွားသံ၊ ကျွဲသံ၊ ဆဲရေးသံနှင့်၊ နှဲသံ၊ ပိုးသံ၊ ကျွတ်ကျွတ်ရိုက်၍။ ဩဝါ။ ၆၂။

အရေအတွက်

[ပြင်ဆင်ရန်]
  • သံ

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • အသံ,(n)

ဘာသာပြန်

[ပြင်ဆင်ရန်]
  • အင်္ဂလိပ်: sound

သံ (sam)

  • common noun
  • သံ
  • သံ(n)
  • current
  1. မင်းတစ်ပါးက အခြားမင်းတစ်ပါးထံသို့ နိုင်ငံအရေးအခင်းကိစ္စ ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသူ။ အခြားနိုင်ငံသို့ သွားရောက်နေထိုင်၍ နိုင်ငံကိစ္စအဝဝကို နိုင်ငံကိုယ်စား ဆောင်ရွက်ရသူ။
    မင်းကြီးမဟာစည်သူနှင့်အဖွဲ့ကို ၁၈၃၀ပြည့်နှစ်တွင် အိန္ဒိယသို့ သံအဖြစ်စေလွှတ်သည်။ မြန်စက်မိုင်းပ။ ၆၂။

အရေအတွက်

[ပြင်ဆင်ရန်]
  • ယောက်၊ ဦး။

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • သံတမန်,(n)

ဘာသာပြန်

[ပြင်ဆင်ရန်]
  • အင်္ဂလိပ်: embassy; envoy; diplomat.

သံ (sam)

  • common noun
  • သံ
  • သံ(n)
  • current
  1. အရာဝတ္ထုတစ်ခုနှင့်တစ်ခုကိုစပ်တွယ်စွဲမြဲစေရာတွင်အသုံးပြုသော တစ်ဘက်တွင်ချွန်၍တစ်ဘက်တွင်ရိုက်နှိပ်ရန်ပြားချပ်ထားသော ထိပ်ဖူးပါသတ္တုအချောင်းအတံ။
    အဆောက်အဦဆိုင်ရာ သစ်၊ သံ၊ အုတ်၊ သဲ၊ အင်္ဂတေအစရှိတဲ့ ပစ္စည်းတွေလုံလုံလောက်လောက်ရှိရမယ်။ ပြည်တိ။ ၃၁။

အရေအတွက်

[ပြင်ဆင်ရန်]
  • ချောင်း

ကြောင်းတူသံကွဲများ

[ပြင်ဆင်ရန်]
  • သံမှို,(n)

ဘာသာပြန်

[ပြင်ဆင်ရန်]
  • အင်္ဂလိပ်:iron nail.

သံ (sam)

  • common noun
  • သံ
  • သံ(n)
  • current
  1. ဓားလက်နက်စက်ကိရိယာစသည်တို့ပြုလုပ်ရာတွင်အများအားဖြင့် အသုံးပြုသောအလွန်မာကျောသည့်တွင်းထွက်သတ္တုတစ်မျိုး။
    သံမီးပူ၊ ရေနံ၊ သံ၊ ခဲအစရှိသော။ လူမှု။ ၇၄။

ဘာသာပြန်

[ပြင်ဆင်ရန်]
  • အင်္ဂလိပ်: iron

ကိုးကား

[ပြင်ဆင်ရန်]

စကောကရင်

[ပြင်ဆင်ရန်]

ရင်းမြစ် ၁

[ပြင်ဆင်ရန်]

ရှေးဦး-ကရင် *siˀᴰ (caterpillar) မှ။

သံ (thee)

  1. ခူကောင်။

ရင်းမြစ် ၂

[ပြင်ဆင်ရန်]

ရှေးဦး-ကရင် *sejᴬ (dead; to die) မှ၊ ရှေးဦး-တရုတ်-တိဘက်နွယ် *səj (to die) မှ။ ပအိုဝ်း သီ, အနောက်ပိုးကရင် ၥံၫ, အနောက်ကယား ꤞꤛꤢꤩ꤭ (thyē) တို့နှင့် ရင်းမြစ်တူ ဝေါဟာရ

သံ (thee)

  1. သေဆုံးသည်၊ ကွယ်လွန်သည်။