မာတိကာသို့ ခုန်သွားရန်

ခရုပတ်ပုံစံ ဂလက်ဆီ

ဝီကီပီးဒီးယား မှ
၀၉:၂၁၊ ၁၄ နိုဝင်ဘာ ၂၀၂၂ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-စကြာဝဠာ +စကြဝဠာ)) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ခရုပတ်ပုံစံ ဂလက်ဆီ၏ ဥပမာတစ်ခုမှာ ချားရဟတ် ဂလက်ဆီ (Messier 101 သို့မဟုတ် NGC 5457 ဟုလည်းသိထား) ဖြစ်သည်။

ခရုပတ်ပုံစံ ဂလက်ဆီ သည် ၁၉၃၆ ခုနှစ် အက်ဒွင် ဟာဘယ် ဖော်ပြသော The Realm of the Nebulae မှ ဂလက်ဆီအမျိုးအစားတစ်ခုဖြစ်သည်။[] ခရုပတ်ပုံစံ ဂလက်ဆီများသည် ပြားချပ်ပြီး ကြယ်များဖြင့် အလယ်ဗဟိုတွင် ဖိသိပ်ကာ လည်ပတ်နေသည့် ဂလက်ဆီဖြစ်သည်။ ယင်းဂလက်ဆီများသည် ဝက်အူရစ်ပုံစံ သို့မဟုတ် ခရုပတ်ပုံစံရှိကြသဖြင့် ခရုပတ်ပုံစံရှိ ဂလက်ဆီဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဂလက်ဆီ၏ လက်မောင်းတွင် ငယ်ရွယ်သည့်ကြယ်များ ရှိကြပြီး ဗဟိုထက် ပိုမိုတောက်ပသည်။ အလယ်ဗဟို၌မူ သက်တမ်းရင့်ကြယ်များ တည်ရှိသည်။ ခရုပတ်ပုံစံဂလက်ဆီအားလုံး၏ ၃ ပုံ ၂ ပုံတွင် တန်းလျားပုံစံရှိသော နောက်ထပ် ဂလက်ဆီပုံစံခွဲ ရှိကြသည်။[] လွန်ခဲ့သောနှစ်ပေါင်း ၈ ဘီလီယံအကြာက တန်းလျားပုံစံ ခရုပတ်ပုံစံသည် ၁၀ ရာခိုင်နှုန်းရှိရာမှ ယနေ့လက်ရှိအချိန်တွင် မြင်နိုင်သော စကြဝဠာ၌ ၃ ပုံ ၂ ပုံကျော် ဖြစ်လာသည်။[] မိမိတို့၏ နဂါးငွေ့တန်း ဂလက်ဆီသည်လည်း ယခင်က ခရုပတ်ပုံစံဟု ထင်မှတ်ခဲ့ရာ ၁၉၉၀ ခုနှစ်များတွင် တန်းလျားပုံစံ ခရုပတ်ပုံစံရှိကြသဖြင့် ဂလက်ဆီဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့သည်။ သို့သော် ယင်းတန်းလျားကိုမူ ကမ္ဘာမြေ၏ လက်ရှိ ဂယ်လက်တစ် တည်နေရာမှ လေ့လာရန် မလွယ်ကူချေ။[] ပုံစံမမှန်သော ဂလက်ဆီများဖြင့် ခရုပတ်ပုံစံရှိကြသဖြင့် ဂလက်ဆီများသည် local စကြဝဠာတွင် ဂလက်ဆီအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါးခန့် နေရာယူထားလေသည်။[] ယင်းတို့ကို သိပ်သည်းမှုနည်းသော နယ်မြေတွင် အများစုတွေ့ရှိရပြီး ဂလက်ဆီ အစုအပြုံများ၏ အလယ်ဗဟို၌မူ တွေ့ရခဲသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Hubble၊ E.P. (1936)။ The realm of the nebulae။ Mrs. Hepsa Ely Silliman memorial lectures, 25။ New Haven: Yale University Press။ ISBN 9780300025002OCLC 611263346။ archived from the original on 2 June 201911 May 2017 တွင် ပြန်စစ်ပြီးCS1 maint: BOT: original-url status unknown (link)(pp. 124–151)
  2. D. Mihalas (1968)။ Galactic Astronomy။ W. H. Freeman။ ISBN 978-0-7167-0326-6
  3. "Hubble and Galaxy Zoo Find Bars and Baby Galaxies Don't Mix"၊ Science Daily၊ 16 January 2014။ 
  4. Ripples in a Galactic Pond, Scientific American, October 2005
  5. Loveday, J. (February 1996). "The APM Bright Galaxy Catalogue". Monthly Notices of the Royal Astronomical Society 278 (4): 1025–1048. doi:10.1093/mnras/278.4.1025. Bibcode1996MNRAS.278.1025L. 
  6. Dressler, A. (March 1980). "Galaxy morphology in rich clusters — Implications for the formation and evolution of galaxies". The Astrophysical Journal 236: 351–365. doi:10.1086/157753. Bibcode1980ApJ...236..351D.