ခင်မောင်ထွေး(ပျဉ်းမနား)
ဦးခင်မောင်ထွေးသည် အားကစားကလောင်ရှင်တစ်ဦးဖြစ်သည်။"ခင်မောင်ထွေး (ပျဉ်းမနား)"ကလောင်အမည်ဖြင့် အားကစားကဏ္ဍနှင့်ပက်သက်သော ဆောင်းပါးများစွာရေးသားခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ဘဝအစနှင့်ပညာရေး
[ပြင်ဆင်ရန်]ဦးခင်မောင်ထွေးကို ၁၉၃၁ခုနှစ် စက်တင်ဘာလ ၄ရက်နေ့တွင် ထိုစဉ်က မန္တလေးတိုင်း၊ပျဉ်းမနားမြို့၊မင်္ဂလာရပ်၊ ဗိုလ်တောက်ထိန်လမ်း၌ဖွားမြင်သည်။ အမျိုးသားကျောင်း၊ABMကျောင်း၊ဂျပန်စာသင်ကျောင်း၊အစိုးရအထက်တန်းကျောင်းတို့ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။၁၉၅၁ခုနှစ်တွင် အားကစားဒီပလိုမာ၊၁၉၆၇ခုနှစ်တွင် သတင်းစာဒီပလိုမာတို့ ရရှိခဲ့သည်။ ခရိုင်ကိုယ်လက်ကြံ့ခိုင်ရေးမှူးသင်တန်း၊ဘောလုံးနည်းပြဆရာသင်တန်း၊သတင်းစာပညာသင်တန်း စသည်တို့ကို တက်ရောက်ခဲ့သေးသည်။
၁၉၅၂ခုနှစ်တွင် ဒေါ်ခင်မြရင်နှင့် လက်ထပ်ခဲ့သည်။[၁]
အလုပ်အကိုင်
[ပြင်ဆင်ရန်]အားကစားမှူး
[ပြင်ဆင်ရန်]အိမ်ထောင်ကျပြီးနောက် ၁၉၆၄ခုနှစ်တွင် ရန်ကုန်သို့ပြောင်းရွှေ့ခဲ့ကာ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အားကစားမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သတင်းထောက်ဘဝ
[ပြင်ဆင်ရန်]ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အားကစားမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အားကစားအစဘေဘီလုံကဟူသော ဆောင်းပါးဖြင့် အားကစားစာပေလောကသို့ ဝင်ရောက်ခဲ့သည်။[၁]ရှုမဝမဂ္ဂဇင်း၊ အိုးဝေ၊မြဝတီ၊ငွေတာရီ၊ တို့ကျောင်းသား၊နွယ်နီ၊ရနံ့သစ်နှင့် အားကစားဂျာနယ်များတွင် ဆောင်းပါးများ ရေးသားခဲ့သည်။၁၉၆၀ပြည့်နှစ်တွင် ဗိုလ်တစ်ထောင်သတင်းစာ၏ အားကစားကဏ္ဍ အငယ်တန်းသတင်းထောက်ဖြစ်လာခဲ့သည်။၁၉၇၈ခုနှစ်တွင် ထိုသတင်းစာတိုက်၌ အကြီးတန်းအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တာဝန်မှရပ်စဲခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဂျာနယ်၊မဂ္ဂဇင်းများ၌ အားကစားဆောင်းပါးများစွာ အဆက်မပြတ် ရေးသားခဲ့သည်။ ထို့အပြင် အားကစားဝတ္ထုများလည်း ရေးသားခဲ့သေးသည်။
ဤအတောအတွင်း ၁၉၆၂ခုနှစ်တွင် တရုတ်နိုင်ငံ၊ဖင်လန်နိုင်ငံ၊အရှေ့ဂျာမနီနိုင်ငံ၊ဆိုဗီယက်နိုင်ငံ၊၁၉၆၉ခုနှစ်တွင် ဟောင်ကောင်၊ထိုင်းနိုင်ငံ၊၁၉၇၀ပြည့်နှစ်၊ ၂၀၀၀ပြည့်နှစ်၊၂၀၀၈ခုနှစ်တို့တွင် အိန္ဒိယနှင့် နီပေါနိုင်ငံများသို့ သွားရောက်ခဲ့သေးသည်။[၂]
နောက်ပိုင်းအလုပ်အကိုင်
[ပြင်ဆင်ရန်]မြန်မာနေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲတွင် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ၂၀၀၉ခုနှစ်မှ ကွယ်လွန်သည်အထိ ဆောင်ရွက်ခဲ့သည်။ မြန်မာအားကစားကလောင်ရှင်များအဖွဲ့ချုပ်၏ နာယကအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]ဦးခင်မောင်ထွေးသည် ၂၀၁၅ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့ မွန်းလွဲ ၂နာရီခွဲတွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့ SSCဆေးရုံသို့တင်ခဲ့ရပြီး ၃နာရီခွဲတွင် ကွယ်လွန်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ဝါရင့်အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကွယ်လွန်။
- ↑ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၆)။
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |