မေဂျီရွာ ပြတိုက်
ပုံပန်းသွင်ပြင်
မေဂျီရွာ (博物館明治村 Hakubutsukan Meiji-mura , Meiji Village Museum)သည် ဂျပန်နိုင်ငံ၊ အအိချိစီရင်စု၊ နာဂိုရာမြို့အနီး အီနုတောင်ရှိ အမိုးဖွင့် ဗိသုကာပြတိုက် အခင်းအကျင်းတစ်ခုဖြစ်ပြီး၊ ၁၉၆၅ခုနှစ် မတ်လ ၁၈ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပြတိုက်သည် ဂျပန်နိုင်ငံ မေဂျီခေတ်(၁၈၆၇-၁၉၁၂)၊ တိုင်းရှောခေတ်(၁၉၁၂-၁၉၂၆)နှင့် ရှောဝခေတ်(၁၉၂၆-၁၉၈၉) အစောပိုင်းကာလများမှ သမိုင်းဝင်အဆောက်အအုံများကို တစ်စုတစ်စည်းထဲ ထိန်းသိမ်းထားသည်။ အိရုကရေကန်ဘေးရှိ ၁ စတုရန်းကီလိုမီတာ (ဧက ၂၅၀) ကျယ်ဝန်းသော တောင်ကုန်းများပေါ်တွင် သမိုင်းဝင် အဆောက်အဦး ၆၀ ကျော်ကို ရွှေ့ပြောင်းပြီး ပြန်လည်တည်ဆောက်ခဲ့သည်။