မာတိကာသို့ ခုန်သွားရန်

အန္ဓြပဒေသပြည်နယ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာမျက်နှာအသစ်: အန်ဒရာပရာဒစ် ပြည်နယ်၊ အိန္ဒိယနိုင်ငံ
 
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.9.5
 
(အသုံးပြုသူ ၆ ဦးတို့၏ အလယ်ကြား မူများ ၁၁ ခု အား ပြသမထားပါ)
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox state
အန်ဒရာပရာဒစ် ပြည်နယ်၊ အိန္ဒိယနိုင်ငံ
| name = Andhra Pradesh
| native_name = {{nobold|ఆంధ్ర ప్రదేశ్(అమరావతి)}}
| native_name_lang = te
| type = ပြည်နယ်
| image_skyline =
| image_alt =
| image_caption = '''Montage of Andhra Pradesh''' <br /><small>Clockwise from top left: [[Vijayawada]] city view, [[Araku Valley]], [[Visakhapatnam Port]] view, [[Godavari Arch Bridge]] ([[Rajahmundry]]), Tirumala temple ([[Tirupati, Andhra Pradesh|Tirupati]]), Dolphin's Nose mountain and the [[Bay of Bengal]] at Visakhapatnam.</small>
| image_blank_emblem =
| blank_emblem_type =
| blank_emblem_size =
| image_seal = Official Emblem Of Andhra Pradesh.jpeg
| seal_alt =
| image_map = IN-AP.svg
| map_alt =
| map_caption = Location of Andhra Pradesh in India
| coordinates = {{coord|16.50|80.64|region:IN-AP_type:adm1st_dim:500000|display=inline,title}}
| coordinates_footnotes =
| subdivision_type = နိုင်ငံ
| subdivision_name = {{flag|India}}
| established_title = ဖွဲ့စည်းပုံ
| established_date = {{Start date and years ago|df=yes|1953|10|01}} (carved out of Madras State as Andhra State)<br />{{Start date and years ago|df=yes|1956|11|01}} (first established including [Telangana])<br />{{Start date and years ago|df=yes|2014|06|02}} (re-organised excluding [Telangana])<ref>{{cite web|title=The Gazette of India|url=http://reorganisation.ap.gov.in/downloads/AppointedDay.pdf|website=Andhra Pradesh Reorganisation Act, 2014|publisher=Ministry of Home Affairs|accessdate=19 June 2015|format=PDF|archive-date=4 March 2016|archive-url=https://web.archive.org/web/20160304222344/http://reorganisation.ap.gov.in/downloads/AppointedDay.pdf}}</ref>
| parts_type = တိုင်းဒေသ
| parts_style = para
| p1 = ၁၃
| seat_type = မြို့တော်
| seat = Hyderabad, India <small>(''de jure'' to 2024)</small><br>Amaravati <small>(''de facto'' from 2017)</small><ref>[http://www.gulte.com/news/56377/After-2200-Years-Amaravati-Gets-Back-Power After 2200 Years, Amaravati Gets Back Power!<!-- Bot generated title -->]</ref>
| seat1_type = အကြီးဆုံးမြို
| seat1 = Visakhapatnam
|governing_body = [[Government of Andhra Pradesh]]
| government_footnotes =
| leader_title = အစိုးရပိုင်မင်း
| leader_name = [[E. S. L. Narasimhan]]
| leader_title1 = ဝန်ကြီးချုပ်
| leader_name1 = [[N. Chandrababu Naidu]] ([[Telugu Desam Party|TDP]])
| leader_title2 = [[Legislature of Andhra Pradesh|Legislature]]
| leader_name2 = [[Bicameral]] (175 + 58 seats)
| leader_title3 = [[List of constituencies of the Lok Sabha|Lok sabha constituencies]]
| leader_name3 = 25
| leader_title4 = [[High Courts of India|High Court]]
| leader_name4 = [[High Court of Judicature at Hyderabad]]
| unit_pref = Metric
| area_footnotes = {{ref|area|†}}
| area_total_km2 = 162968
| area_note =
| area_rank = ၈
| elevation_footnotes =
| elevation_m =
| population_footnotes =<ref name=demographics>{{cite web|title=Demography |url=http://www.ap.gov.in/AP%20State%20Statistical%20Abstract%20May%202014/2%20AP%20Demography.pdf |website=Official portal of Andhra Pradesh Government |publisher=Government of Andhra Pradesh |deadurl=yes |archiveurl=https://web.archive.org/web/20140714213923/http://www.ap.gov.in/AP%20State%20Statistical%20Abstract%20May%202014/2%20AP%20Demography.pdf |archivedate=14 July 2014 |df=dmy }}</ref>
| population_total = 49,386,799
| population_as_of = 2011
| population_rank = [[List of states and union territories of India by population|10th]]
| population_density_km2 = 308
| population_demonym =
| blank_name_sec2 = [[Gross state domestic product|GSDP]]
| blank_info_sec2 = {{INRConvert|5.2|lc}}
| blank1_name_sec2 = [[Gross state domestic product|GSDP]] per-capita
| blank1_info_sec2 = {{INRConvert|104000}}
Growth rate = 10.99%
| timezone1 = [[Indian Standard Time|IST]]
| utc_offset1 = +05:30 GMT
| blank_name_sec1 = [[Literacy in India|Literacy rate]]
| blank_info_sec1 = 67.41
| blank1_name_sec1 = ဘာသာစကား
| blank1_info_sec1 = [[Telugu language|Telugu]]
| area_code_type = [[UN/LOCODE]]
| area_code = AP
| registration_plate = AP
| blank2_name_sec1 = Coastline
| blank2_info_sec1 = {{Convert|974|km|mi}}
| website = [http://www.ap.gov.in/ AP State Portal]
| footnotes = {{note|cap|†}}<small>The [[Andhra Pradesh Reorganisation Act, 2014]] states that Hyderabad is joint capital of both [[Telangana]] and Andhra Pradesh states for a period of time not exceeding 10 years. A new capital is planned to be developed between [[Guntur]] and [[Vijaywada]].</small>
}}

'''အန္ဓရဒေသပြည်နယ်'''သည် [[အိန္ဒိယ]]သမ္မတနိုင်ငံ၏ ပြည်နယ်ကြီးတစ်ခုဖြစ်၍ ၁၉၅၆ ခုနှစ် ပြည်နယ်များ ပြန်လည်ဖွဲ့စည်းရေးဥပဒေအရ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ပြည်နယ်သစ်တစ်ခုဖြစ်သည့် အန္ဓရပြည်နယ်တွင် ယခင်ဟိုက်ဒရဗတ် [[ပဒေသရာဇ်ပြည်နယ်]]၏ ခရိုင်အချို့ကို ပူးပေါင်းထည့်သွင်းကာ ၁၉၅၆ ခုနှစ် နိုဝင်ဘာလ တစ်ရက်နေ့တွင် အိန္ဒိယပြည်ထောင်စု၏ ပြည်နယ်တစ်ခုအဖြစ် တရားဝင်ကြေညာခဲ့လေသည်။ ယခုအန္ဓရဒေသတွင် တစ်စိတ်တစ်ဒေသ ပါဝင်လျက်ရှိသော [[ဟိုက်ဒရဗတ်နယ်]]သည် ဗြိတိသျှ အစိုးရလက်ထက်က နယ်အကျယ်ဝန်းဆုံး၊ အချမ်းသာဆုံးနှင့် အရေးအပါဆုံးသော ပဒေသရာဇ်နယ်ကြီးဖြစ်သည်။

လွတ်လပ်သော အိန္ဒိယပြည်ထောင်စုအတွင်းသို့ နောက်ဆုံးဝင် ရောက်လာသော တိုင်းရင်းသား ပဒေသရာဇ်နယ်ကြီးလည်း ဖြစ်ပေသည်။ ယင်းပြည်နယ်သည် ဒက္ခိဏကုန်းပြင်မြင့်၏ အလယ်တွင်တည်ရှိသည်။ မြောက်ဘက်တွင် အဇန္တတောင်ကုန်းများ၊ ပင်[[ဂင်္ဂါ]]၊ ပရန်ဟိတနှင့် ဂိုဒါဝရီမြစ်များရှိ၍ တောင်ဘက်တွင် ထုံဂါဘဒြမြစ်နှင့် ကစ္စနားမြစ်တို့ရှိသည်။ အရှေ့ဘက်၌ [[ဘင်္ဂလားပင်လယ်]]အော်ရှိ၍ အနောက်ဘက်၌ [[မဟာရဋ္ဌပြည်နယ်]] (ယခင်ဘုံဘိုင်ပြည်နယ်)နှင့်မူ သဘာဝနယ်နိမိတ်အပိုင်းအခြားမရှိချေ။

အနောက်မြောက်ဘက်ပိုင်းဖြစ်သော ဗီမာမြစ်နှင့် အဇန္တတောင်ကုန်းများအကြားရှိ ဒေသသည် ဒက္ခိဏကုန်းပြင်မြင့်၏ မီးတောင်ချော်ရည်စီးကျရာမှ ဖြစ်ပေါ်လာသော ထိပ်ပြားတောင်ကုန်း အနည်းငယ်မျှရှိသည့် ကျယ်ပြန့်သောလွင်ပြင်ဖြစ်၍ အပေါ်ယံမြေမျက်နှာပြင်သည် ရေခိုးရေငွေ့ကို စုပ်ယူထားတတ်ပြီးလျှင်၊ အလွန်မြေဩဇာကောင်းသော မြေစေးနက်နက်များဖြင့် ဖုံးလွှမ်းနေသဖြင့် ဝါဂွမ်းစိုက်ပျိုး၍ အလွန်ဖြစ်ထွန်းသည်။ ကျန်ဒေသများမှာမူ ကျယ်ပြန့်သော လွင်ပြင်များ ဖြစ်သော်လည်း မြေဩဇာညံ့ဖျင်းသဖြင့် စိုက်ပျိုး၍ မဖြစ်ထွန်းချေ။ မိုးပါးသောဒေသဖြစ်၍ တစ်နှစ်ပတ်လုံး မိုးရေချိန်သည် လက်မ ၃ဝ မှ ၃၅ လက်မခန့်သာရှိသည်။ မိုးခေါင်တတ်သောဒေသလည်း ဖြစ်သည်။ မဇ္ဈိမအပူချိန်သည် ဒီဇင်ဘာလ၌ ဖာရင်ဟိုက် ၇ဝ ဒီဂရီရှိပြီးလျှင် မေလတွင် ဖာရင်ဟိုက် ၉၃ မှ ၉၅ ဒီဂရီရှိလေသည်။

စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ပြည်နယ်ဖြစ်ရာ မိုးရေချိန်ကလည်း နည်းပါးသဖြင့် ဆည်များ၊ တူးမြောင်းများ ဖောက်လုပ်၍ ရေသွင်းစိုက်ပျိုးကြရသည်။ ဂိုဒါဝရီ၊ ထုံဂါဘဒြ၊ ကစ္စနား၊ ဗီမာမြစ် အောက်ပိုင်းတို့၌ ဆည်များရှိသည်။ လူး၊ ဆန်စပါး၊ ဂျုံ၊ နှမ်း၊ ဝါဂွမ်း၊ ကြံတို့ကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။

မြေပြန့်ဒေသတွင် ထနောင်းပင်မျိုးတို့မှလွဲ၍ အခြားသစ်ပင်ကြီးငယ်များ နည်းပါးလှစွာ ပေါက်ရောက်သည်။ သို့သော် ဂိုဒါဝရီမြစ်ရိုးတစ်လျှောက် အရှေ့မြောက်ဘက်တွင်မူ သစ်ပင်တောအုပ် ထူထပ်၍ ထိုသစ်တောများမှ အဖိုးတန်သစ်များ ရရှိသည်။ သစ်တောထွက်ပစ္စည်းများဖြစ်သော ပိုးချည်ရိုင်း၊ ချိပ်၊ ကော် နှင့် သစ်ဆီများကိုလည်း ထုတ်လုပ်နိုင်လေသည်။

ကျောက်မီးသွေးမှလွဲလျှင် အခြားအဖိုးတန် သတ္ထု အထွက်နည်းသည်။ သို့သော် အဆောက်အအုံသုံး ထုံးကျောက်မျိုး အတော်အတန်ထွက်သည်။ ရွှေနှင့်စိန်များလည်း ယခင်က အတော်အတန် တူးဖော်ရရှိခဲ့သော်လည်း ယခုအခါ အထွက်နည်းသဖြင့် ထိုလုပ်ငန်းများသည် အရေးမပါလှတော့ချေ။

၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နှစ်နိုင်ငံခွဲထုတ်သောအခါ ဟိုက်ဒရဗတ်စော်ဘွားသည် အိန္ဒိယပြည်ထောင်စုသို့လည်းမဝင်၊ ပါကစ္စတန်နိုင်ငံ၌လည်းမပါဘဲ သီးခြားလွတ်လပ်စွာ နေနိုင်ရန် ကြိုးစားခဲ့သည်။ အိန္ဒိယအစိုးရကလည်း ဟိုက်ဒရဗတ်နယ်ကို အေးချမ်းစွာသိမ်းသွင်းနိုင်ရန် ကြိုး စားသည်။ နယ်စပ်တွင် ဟိန္ဒူနှင့် အစ္စလာမ်ဝါဒီတို့၏ ပဋိပက္ခများကလည်း မကြာခဏဖြစ်ပွားသည်။ ၁၉၄၈ ခု စက်တင်ဘာလတွင် အိန္ဒိယအစိုးရ၏တပ်များသည် ဟိုက်ဒရဗတ်နယ် အတွင်းသို့ ချီတက်ဝင်ရောက်ကြရာ လေးရက်မျှအကြာတွင် နီဇမ်စော်ဘွားသည် စည်းကမ်းချက်ဖြင့် လက်နက်ချလေသည်။

အိန္ဒိယအစိုးရသည် စစ်ဘုရင်ခံတစ်ဦးကို ခန့်ထားအုပ်ချုပ်စေခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးရုပ်သိမ်း၍ ၁၉၅ဝ ပြည့်နှစ်၌ အိန္ဒိယပြည်ထောင်စု သမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာလေသည်။

ဟိုက်ဒရဗတ် ပဒေသရာဇ်နယ်အတွင်း၌ လူများစုက မာရသီဘာသာစကားပြောသော ခရိုင်များ၊ တယ်လဂူနှင့် အန္ဓရ ဘာသာစကားပြောသော ခရိုင်များ၊ ကန္နန္ဒဘာသာစကားပြောသော ခရိုင်များပါဝင်သည်။ ၁၉၅၆ ခုနှစ်ပြည်နယ်များ ပြန်လည်ဖွဲ့စည်းရေးဥပဒေအရ ဘာသာစကားအခြေခံဖြင့် ပြည်နယ်များ ပြန်လည်ဖွဲ့စည်းသောအခါ မာရသီခရိုင်များသည် ဘုံဘိုင်ပြည်နယ်သို့လည်းကောင်း၊ တယ်လဂူနှင့် အန္ဓရခရိုင်များသည် အန္ဓရဒေသသို့လည်းကောင်း၊ ကန္နန္ဒခရိုင်များသည် မိုင်ဆိုပြည်နယ်သို့လည်းကောင်း ပူးပေါင်းကြရပြီးလျှင် ဟိုက်ဒရဗတ် ပြည်နယ်သည် ပြည်နယ်တစ်ခုအဖြစ်မှ ပျောက်ပျက်ခဲ့ရလေသည်။ အန္ဓရဒေသကို တည်ထောင်ဖွဲ့စည်းသောအခါ၌လည်း ဟိုက်ဒရဗတ်မြို့ကိုပင် ပြည်နယ်မြို့တော်အဖြစ် ဆက်လက်ထားရှိသည်။ ယင်းမြို့ကြီးသည် အိန္ဒိယနိုင်ငံတွင် စတုတ္ထအကြီးဆုံးမြို့ဖြစ်သည်။ ကစ္စနားမြစ်၏ လက်တက်တစ်ခုဖြစ်သော မျူစီမြစ်ပေါ်၌တည်ရှိ၍ မြို့တည်ရာအရပ်သည် ကျောက်တောင်ကျောက်ကုန်းများ အနှံ့အပြားရှိသည့် လွင်ပြင်ဒေသဖြစ်သည်။ လှပခမ်းနားသော အဆောက်အအုံများရှိသည့်အနက် နီဇမ်မဟာရာဇာ၏ နန်းတော်ကြီးကား အဓိကရဖြစ်ပေသည်။ ဘုံပြာသာဒ် လေးဆောင်ရှိသော ချားမီးနားခေါ် အဆောက်အအုံကြီးသည်လည်း မြို့၏ ထင်ရှားသော အဆောက်အအုံကြီးဖြစ်၍ မြို့၏ လမ်းမကြီးများသည် အဆောက်အအုံကြီးမှ ဖြာထွက်ကြသည်။ ပဒေသရာဇ်ခေတ်က ထိုမြို့ကြီးသည် အုပ်ချုပ်ရေးအတွက်သာမက ဝါဂွမ်းကုန်သွယ်ရေးအတွက်လည်း အရေးပါလှသည့်အပြင် လက်ရက်ထည်များ၊ ကော်ဇောများကို ကြီးကြီးကျယ်ကျယ် ရောင်းဝယ်ဖောက်ကားရာလည်း ဖြစ်သည်။ အမြင့်ဆုံးသော တိုင်းရင်းဘာသာပညာရေး အဆောက်အအုံကြီးဖြစ်သည့် အော့စမေးနီးယား တက္ကသိုလ်ကြီးတည်ရှိ၍ ယင်းတွင် အူရဒူဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဟိုက်ဒရဗတ်မြို့ကြီး၏ လူဦးရေသည် ၁၇၉၈၉၁ဝ ယောက် (၁၉၇၅)ဖြစ်သည်။ ဟိုက်ဒရဗတ်နယ်၏ တယ်လဂူခရိုင်များမှတစ်ပါး အန္ဓရဒေသ၌ပါရှိသော ကျန်အစိတ်အပိုင်းများသည် အန္ဓရပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်သည် ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးဖွဲ့စည်းလိုက်သော နယ်သစ်တစ်ခုဖြစ်သည်။ ဘာသာစကားတူပြောဆိုသည့် လူဦးရေအများစုနေထိုင်ရာခရိုင်၊ စီရင်စု စသည်တို့ကို ပူးပေါင်းကာ ဘာသာစကားတူ အခြေခံစနစ်ဖြင့် ပထမဆုံးဖွဲ့စည်းသော ပြည်နယ်လည်း ဖြစ်သည်။ ၁၉၅၃ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့တွင် အန္ဓရပြည်နယ်အဖြစ် တရားဝင်ကြေညာခဲ့လေသည်။ ဘာသာစကားတူအဖြစ် ဖွဲ့စည်းခဲ့သော အန္ဓရပြည်နယ်သည် ယခင်မဒရပ်ပြည်နယ်ကြီး၏ တစ်စိတ်တစ်ဒေသဖြစ်၍ အရှေ့တောင်ကမ်းရိုးတန်း၌ တည်ရှိသည်။

ထိုပြည်နယ်တွင် ဒြာဗီးဒီးယန်းလူမျိုးကြီးမှ ဆင်းသက်သော အန္ဓရတယ်လဂူဘာသာစကား ပြောဆိုသည့် လူဦးရေအများစု နေထိုင်ရာ သီရိကကူလမ်၊ ဝိဇဂပတ္ထနံ၊ ဂိုဒါဝရီအရှေ့ပိုင်း၊ ဂိုဒါဝရီအနောက်ပိုင်း၊ [[ကရစ်ရှနား]]၊ ဂွန်တူး၊ နယ်လို၊ ကာနူး၊ အနန္တပူ၊ ကဒ္ဒပ၊ ချစ်တူးခရိုင်များနှင့် ဗယ်လာရီခရိုင်၏ တစ်စိတ်တစ်ဒေသတို့ ပါဝင်သည်။

ထိုစဉ်က ပြည်နယ်ပေါင်း ၂၈ နယ်ပါဝင်သော အိန္ဒိယပြည်ထောင်စုတွင် အန္ဓရပြည်နယ်သည် အကျယ်အဝန်းတွင် လည်းကောင်း၊ လူဦးရေတွင်လည်းကောင်း သတ္တမအကြီးဆုံးဖြစ်သည်။ အကျယ်အဝန်းသည် စတုရန်းမိုင် ၆၇,ဝဝဝ ဖြစ်၍ လူဦးရေ ၂ဝ,၂၈၂,ဝဝဝ ယောက်ရှိလေသည်။ ထိုစဉ်က ပြည်နယ်၏မြို့တော်သည် ကာနူးမြို့ဖြစ်သည်။

အန္ဓရပြည်နယ်၏မြောက်ဘက်တွင် မဟာရဋ္ဌပြည်နယ်၊ မဇ္ဈဒေသပြည်နယ်နှင့် ဩရိဿပြည်နယ်၊ အရှေ့ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် တမီနာဒူပြည်နယ်နှင့် အနောက်ဘက်တွင် မိုင်ဆိုပြည်နယ်နှင့် မဟာရဋ္ဌပြည်နယ်တို့ အသီးသီးဝန်းရံလျက်ရှိသည်။

အန္ဓရပြည်နယ်သည် အရေးပါသော ဆန်စပါးစိုက်ပျိုးရာဒေသဖြစ်သည်။ ထိုပြည်နယ်မှ တစ်ကမ္ဘာလုံးထွက် လချေးလေးတစ်ပုံထွက်ရှိ၍ မန်းဂနိ၊ ခရိုမိုက်၊ သံ၊ ကန့်၊ စသော သတ္တုများဖြင့်လည်း ကြွယ်ဝလေသည်။ အန္ဓရ-တယ်လဂူ ဘာသာစကား ပြောဆိုသူ လူများစု နေထိုင်ရာဒေသဖြစ်သဖြင့် ထိုပြည်နယ်ကို အန္ဓရပြည်နယ်ဟု ခေါ်တွင်ခဲ့လေသည်။ ၁၉၅၆ ခုနှစ်တွင် ပြည်နယ်များ ပြန်လည် ဖွဲ့စည်းသောအခါ ဟိုက်ဒရဗတ်ပြည်နယ်၏ တယ်လဂူခရိုင်များ
ကို အန္ဓရပြည်နယ်၌ ပူးပေါင်းထည့်သွင်းကာ အန္ဓရဒေသဟူ၍လည်း အမည်ပြောင်းလိုက်သည်။ အကျယ်အဝန်းနှင့် လူဦးရေသည် တိုးတက်လာရာ ၁၉၇၁ ခုနှစ် စာရင်းအရ အန္ဓရဒေသ၏အကျယ်အဝန်းသည် စတုရန်းမိုင် ၁ဝ၆,၂၈၆ ဖြစ်၍ လူဦးရေ ၄၃,၃၉၄,၉၅၁ ယောက်ရှိရာ အကျယ်အဝန်းတွင် ပဉ္စမအကြီးဆုံး၊လူဦးရေတွင် စတုတ္ထအများဆုံး ပြည်နယ် ဖြစ်လာလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>

==ကိုးကား==
{{Reflist}}

{{အိန္ဒိယနိုင်ငံ၏ ပြည်နယ်များ}}
{{stub}}

[[Category:အိန္ဒိယနိုင်ငံ၏ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများ]]

၁၀:၄၀၊ ၁၇ ဇွန် ၂၀၂၄ က နောက်ဆုံး တည်းဖြတ်မူ

Andhra Pradesh
ఆంధ్ర ప్రదేశ్(అమరావతి)
ပြည်နယ်
Andhra Pradesh၏ တံဆိပ်တုံး
စည်းတံဆိပ်
Location of Andhra Pradesh in India
Location of Andhra Pradesh in India
ကိုဩဒိနိတ်: 16°30′N 80°38′E / 16.50°N 80.64°E / 16.50; 80.64ကိုဩဒိနိတ်: 16°30′N 80°38′E / 16.50°N 80.64°E / 16.50; 80.64
နိုင်ငံ အိန္ဒိယ
ဖွဲ့စည်းပုံ၁ အောက်တိုဘာ ၁၉၅၃; ၇၀ နှစ် အကြာက (၁၉၅၃-၁၀-01) (carved out of Madras State as Andhra State)
၁ နိုဝင်ဘာ ၁၉၅၆; ၆၇ နှစ် အကြာက (၁၉၅၆-၁၁-01) (first established including [Telangana])
၂ ဇွန် ၂၀၁၄; ၁၀ နှစ် အကြာက (၂၀၁၄-၀၆-02) (re-organised excluding [Telangana])[၁]
မြို့တော်Hyderabad, India (de jure to 2024)
Amaravati (de facto from 2017)[၂]
အကြီးဆုံးမြိုVisakhapatnam
တိုင်းဒေသ၁၃
အစိုးရ
 • အစိုးရအဖွဲ့Government of Andhra Pradesh
 • အစိုးရပိုင်မင်းE. S. L. Narasimhan
 • ဝန်ကြီးချုပ်N. Chandrababu Naidu (TDP)
 • LegislatureBicameral (175 + 58 seats)
 • Lok sabha constituencies25
 • High CourtHigh Court of Judicature at Hyderabad
ဧရိယာ
 • စုစုပေါင်း၁၆၂၉၆၈ စတုရန်းကီလိုမီတာ (၆၂၉၂၂ စတုရန်းမိုင်)
ဧရိယာအဆင့်
လူဦးရေ (2011)[၃]
 • စုစုပေါင်း၄၉,၃၈၆,၇၉၉
 • အဆင့်10th
 • သိပ်သည်းမှု၃၀၈/km (၈၀၀/sq mi)
အချိန်ဇုန်IST (UTC+05:30 GMT)
UN/LOCODEAP
ယာဉ်မှတ်ပုံတင်AP
Literacy rate67.41
ဘာသာစကားTelugu
Coastline၉၇၄ ကီလိုမီတာ (၆၀၅ မိုင်)
GSDP၅.၂ lakh crore (US$၈၁ ဘီလီယံ)
GSDP per-capita၁၀၄၀၀၀ (US$၁၆၀၀) Growth rate = 10.99%
ဝက်ဘ်ဆိုဒ်AP State Portal
^† The Andhra Pradesh Reorganisation Act, 2014 states that Hyderabad is joint capital of both Telangana and Andhra Pradesh states for a period of time not exceeding 10 years. A new capital is planned to be developed between Guntur and Vijaywada.

အန္ဓရဒေသပြည်နယ်သည် အိန္ဒိယသမ္မတနိုင်ငံ၏ ပြည်နယ်ကြီးတစ်ခုဖြစ်၍ ၁၉၅၆ ခုနှစ် ပြည်နယ်များ ပြန်လည်ဖွဲ့စည်းရေးဥပဒေအရ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ပြည်နယ်သစ်တစ်ခုဖြစ်သည့် အန္ဓရပြည်နယ်တွင် ယခင်ဟိုက်ဒရဗတ် ပဒေသရာဇ်ပြည်နယ်၏ ခရိုင်အချို့ကို ပူးပေါင်းထည့်သွင်းကာ ၁၉၅၆ ခုနှစ် နိုဝင်ဘာလ တစ်ရက်နေ့တွင် အိန္ဒိယပြည်ထောင်စု၏ ပြည်နယ်တစ်ခုအဖြစ် တရားဝင်ကြေညာခဲ့လေသည်။ ယခုအန္ဓရဒေသတွင် တစ်စိတ်တစ်ဒေသ ပါဝင်လျက်ရှိသော ဟိုက်ဒရဗတ်နယ်သည် ဗြိတိသျှ အစိုးရလက်ထက်က နယ်အကျယ်ဝန်းဆုံး၊ အချမ်းသာဆုံးနှင့် အရေးအပါဆုံးသော ပဒေသရာဇ်နယ်ကြီးဖြစ်သည်။

လွတ်လပ်သော အိန္ဒိယပြည်ထောင်စုအတွင်းသို့ နောက်ဆုံးဝင် ရောက်လာသော တိုင်းရင်းသား ပဒေသရာဇ်နယ်ကြီးလည်း ဖြစ်ပေသည်။ ယင်းပြည်နယ်သည် ဒက္ခိဏကုန်းပြင်မြင့်၏ အလယ်တွင်တည်ရှိသည်။ မြောက်ဘက်တွင် အဇန္တတောင်ကုန်းများ၊ ပင်ဂင်္ဂါ၊ ပရန်ဟိတနှင့် ဂိုဒါဝရီမြစ်များရှိ၍ တောင်ဘက်တွင် ထုံဂါဘဒြမြစ်နှင့် ကစ္စနားမြစ်တို့ရှိသည်။ အရှေ့ဘက်၌ ဘင်္ဂလားပင်လယ်အော်ရှိ၍ အနောက်ဘက်၌ မဟာရဋ္ဌပြည်နယ် (ယခင်ဘုံဘိုင်ပြည်နယ်)နှင့်မူ သဘာဝနယ်နိမိတ်အပိုင်းအခြားမရှိချေ။

အနောက်မြောက်ဘက်ပိုင်းဖြစ်သော ဗီမာမြစ်နှင့် အဇန္တတောင်ကုန်းများအကြားရှိ ဒေသသည် ဒက္ခိဏကုန်းပြင်မြင့်၏ မီးတောင်ချော်ရည်စီးကျရာမှ ဖြစ်ပေါ်လာသော ထိပ်ပြားတောင်ကုန်း အနည်းငယ်မျှရှိသည့် ကျယ်ပြန့်သောလွင်ပြင်ဖြစ်၍ အပေါ်ယံမြေမျက်နှာပြင်သည် ရေခိုးရေငွေ့ကို စုပ်ယူထားတတ်ပြီးလျှင်၊ အလွန်မြေဩဇာကောင်းသော မြေစေးနက်နက်များဖြင့် ဖုံးလွှမ်းနေသဖြင့် ဝါဂွမ်းစိုက်ပျိုး၍ အလွန်ဖြစ်ထွန်းသည်။ ကျန်ဒေသများမှာမူ ကျယ်ပြန့်သော လွင်ပြင်များ ဖြစ်သော်လည်း မြေဩဇာညံ့ဖျင်းသဖြင့် စိုက်ပျိုး၍ မဖြစ်ထွန်းချေ။ မိုးပါးသောဒေသဖြစ်၍ တစ်နှစ်ပတ်လုံး မိုးရေချိန်သည် လက်မ ၃ဝ မှ ၃၅ လက်မခန့်သာရှိသည်။ မိုးခေါင်တတ်သောဒေသလည်း ဖြစ်သည်။ မဇ္ဈိမအပူချိန်သည် ဒီဇင်ဘာလ၌ ဖာရင်ဟိုက် ၇ဝ ဒီဂရီရှိပြီးလျှင် မေလတွင် ဖာရင်ဟိုက် ၉၃ မှ ၉၅ ဒီဂရီရှိလေသည်။

စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ပြည်နယ်ဖြစ်ရာ မိုးရေချိန်ကလည်း နည်းပါးသဖြင့် ဆည်များ၊ တူးမြောင်းများ ဖောက်လုပ်၍ ရေသွင်းစိုက်ပျိုးကြရသည်။ ဂိုဒါဝရီ၊ ထုံဂါဘဒြ၊ ကစ္စနား၊ ဗီမာမြစ် အောက်ပိုင်းတို့၌ ဆည်များရှိသည်။ လူး၊ ဆန်စပါး၊ ဂျုံ၊ နှမ်း၊ ဝါဂွမ်း၊ ကြံတို့ကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။

မြေပြန့်ဒေသတွင် ထနောင်းပင်မျိုးတို့မှလွဲ၍ အခြားသစ်ပင်ကြီးငယ်များ နည်းပါးလှစွာ ပေါက်ရောက်သည်။ သို့သော် ဂိုဒါဝရီမြစ်ရိုးတစ်လျှောက် အရှေ့မြောက်ဘက်တွင်မူ သစ်ပင်တောအုပ် ထူထပ်၍ ထိုသစ်တောများမှ အဖိုးတန်သစ်များ ရရှိသည်။ သစ်တောထွက်ပစ္စည်းများဖြစ်သော ပိုးချည်ရိုင်း၊ ချိပ်၊ ကော် နှင့် သစ်ဆီများကိုလည်း ထုတ်လုပ်နိုင်လေသည်။

ကျောက်မီးသွေးမှလွဲလျှင် အခြားအဖိုးတန် သတ္ထု အထွက်နည်းသည်။ သို့သော် အဆောက်အအုံသုံး ထုံးကျောက်မျိုး အတော်အတန်ထွက်သည်။ ရွှေနှင့်စိန်များလည်း ယခင်က အတော်အတန် တူးဖော်ရရှိခဲ့သော်လည်း ယခုအခါ အထွက်နည်းသဖြင့် ထိုလုပ်ငန်းများသည် အရေးမပါလှတော့ချေ။

၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နှစ်နိုင်ငံခွဲထုတ်သောအခါ ဟိုက်ဒရဗတ်စော်ဘွားသည် အိန္ဒိယပြည်ထောင်စုသို့လည်းမဝင်၊ ပါကစ္စတန်နိုင်ငံ၌လည်းမပါဘဲ သီးခြားလွတ်လပ်စွာ နေနိုင်ရန် ကြိုးစားခဲ့သည်။ အိန္ဒိယအစိုးရကလည်း ဟိုက်ဒရဗတ်နယ်ကို အေးချမ်းစွာသိမ်းသွင်းနိုင်ရန် ကြိုး စားသည်။ နယ်စပ်တွင် ဟိန္ဒူနှင့် အစ္စလာမ်ဝါဒီတို့၏ ပဋိပက္ခများကလည်း မကြာခဏဖြစ်ပွားသည်။ ၁၉၄၈ ခု စက်တင်ဘာလတွင် အိန္ဒိယအစိုးရ၏တပ်များသည် ဟိုက်ဒရဗတ်နယ် အတွင်းသို့ ချီတက်ဝင်ရောက်ကြရာ လေးရက်မျှအကြာတွင် နီဇမ်စော်ဘွားသည် စည်းကမ်းချက်ဖြင့် လက်နက်ချလေသည်။

အိန္ဒိယအစိုးရသည် စစ်ဘုရင်ခံတစ်ဦးကို ခန့်ထားအုပ်ချုပ်စေခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးရုပ်သိမ်း၍ ၁၉၅ဝ ပြည့်နှစ်၌ အိန္ဒိယပြည်ထောင်စု သမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာလေသည်။

ဟိုက်ဒရဗတ် ပဒေသရာဇ်နယ်အတွင်း၌ လူများစုက မာရသီဘာသာစကားပြောသော ခရိုင်များ၊ တယ်လဂူနှင့် အန္ဓရ ဘာသာစကားပြောသော ခရိုင်များ၊ ကန္နန္ဒဘာသာစကားပြောသော ခရိုင်များပါဝင်သည်။ ၁၉၅၆ ခုနှစ်ပြည်နယ်များ ပြန်လည်ဖွဲ့စည်းရေးဥပဒေအရ ဘာသာစကားအခြေခံဖြင့် ပြည်နယ်များ ပြန်လည်ဖွဲ့စည်းသောအခါ မာရသီခရိုင်များသည် ဘုံဘိုင်ပြည်နယ်သို့လည်းကောင်း၊ တယ်လဂူနှင့် အန္ဓရခရိုင်များသည် အန္ဓရဒေသသို့လည်းကောင်း၊ ကန္နန္ဒခရိုင်များသည် မိုင်ဆိုပြည်နယ်သို့လည်းကောင်း ပူးပေါင်းကြရပြီးလျှင် ဟိုက်ဒရဗတ် ပြည်နယ်သည် ပြည်နယ်တစ်ခုအဖြစ်မှ ပျောက်ပျက်ခဲ့ရလေသည်။ အန္ဓရဒေသကို တည်ထောင်ဖွဲ့စည်းသောအခါ၌လည်း ဟိုက်ဒရဗတ်မြို့ကိုပင် ပြည်နယ်မြို့တော်အဖြစ် ဆက်လက်ထားရှိသည်။ ယင်းမြို့ကြီးသည် အိန္ဒိယနိုင်ငံတွင် စတုတ္ထအကြီးဆုံးမြို့ဖြစ်သည်။ ကစ္စနားမြစ်၏ လက်တက်တစ်ခုဖြစ်သော မျူစီမြစ်ပေါ်၌တည်ရှိ၍ မြို့တည်ရာအရပ်သည် ကျောက်တောင်ကျောက်ကုန်းများ အနှံ့အပြားရှိသည့် လွင်ပြင်ဒေသဖြစ်သည်။ လှပခမ်းနားသော အဆောက်အအုံများရှိသည့်အနက် နီဇမ်မဟာရာဇာ၏ နန်းတော်ကြီးကား အဓိကရဖြစ်ပေသည်။ ဘုံပြာသာဒ် လေးဆောင်ရှိသော ချားမီးနားခေါ် အဆောက်အအုံကြီးသည်လည်း မြို့၏ ထင်ရှားသော အဆောက်အအုံကြီးဖြစ်၍ မြို့၏ လမ်းမကြီးများသည် အဆောက်အအုံကြီးမှ ဖြာထွက်ကြသည်။ ပဒေသရာဇ်ခေတ်က ထိုမြို့ကြီးသည် အုပ်ချုပ်ရေးအတွက်သာမက ဝါဂွမ်းကုန်သွယ်ရေးအတွက်လည်း အရေးပါလှသည့်အပြင် လက်ရက်ထည်များ၊ ကော်ဇောများကို ကြီးကြီးကျယ်ကျယ် ရောင်းဝယ်ဖောက်ကားရာလည်း ဖြစ်သည်။ အမြင့်ဆုံးသော တိုင်းရင်းဘာသာပညာရေး အဆောက်အအုံကြီးဖြစ်သည့် အော့စမေးနီးယား တက္ကသိုလ်ကြီးတည်ရှိ၍ ယင်းတွင် အူရဒူဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဟိုက်ဒရဗတ်မြို့ကြီး၏ လူဦးရေသည် ၁၇၉၈၉၁ဝ ယောက် (၁၉၇၅)ဖြစ်သည်။ ဟိုက်ဒရဗတ်နယ်၏ တယ်လဂူခရိုင်များမှတစ်ပါး အန္ဓရဒေသ၌ပါရှိသော ကျန်အစိတ်အပိုင်းများသည် အန္ဓရပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်သည် ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးဖွဲ့စည်းလိုက်သော နယ်သစ်တစ်ခုဖြစ်သည်။ ဘာသာစကားတူပြောဆိုသည့် လူဦးရေအများစုနေထိုင်ရာခရိုင်၊ စီရင်စု စသည်တို့ကို ပူးပေါင်းကာ ဘာသာစကားတူ အခြေခံစနစ်ဖြင့် ပထမဆုံးဖွဲ့စည်းသော ပြည်နယ်လည်း ဖြစ်သည်။ ၁၉၅၃ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့တွင် အန္ဓရပြည်နယ်အဖြစ် တရားဝင်ကြေညာခဲ့လေသည်။ ဘာသာစကားတူအဖြစ် ဖွဲ့စည်းခဲ့သော အန္ဓရပြည်နယ်သည် ယခင်မဒရပ်ပြည်နယ်ကြီး၏ တစ်စိတ်တစ်ဒေသဖြစ်၍ အရှေ့တောင်ကမ်းရိုးတန်း၌ တည်ရှိသည်။

ထိုပြည်နယ်တွင် ဒြာဗီးဒီးယန်းလူမျိုးကြီးမှ ဆင်းသက်သော အန္ဓရတယ်လဂူဘာသာစကား ပြောဆိုသည့် လူဦးရေအများစု နေထိုင်ရာ သီရိကကူလမ်၊ ဝိဇဂပတ္ထနံ၊ ဂိုဒါဝရီအရှေ့ပိုင်း၊ ဂိုဒါဝရီအနောက်ပိုင်း၊ ကရစ်ရှနား၊ ဂွန်တူး၊ နယ်လို၊ ကာနူး၊ အနန္တပူ၊ ကဒ္ဒပ၊ ချစ်တူးခရိုင်များနှင့် ဗယ်လာရီခရိုင်၏ တစ်စိတ်တစ်ဒေသတို့ ပါဝင်သည်။

ထိုစဉ်က ပြည်နယ်ပေါင်း ၂၈ နယ်ပါဝင်သော အိန္ဒိယပြည်ထောင်စုတွင် အန္ဓရပြည်နယ်သည် အကျယ်အဝန်းတွင် လည်းကောင်း၊ လူဦးရေတွင်လည်းကောင်း သတ္တမအကြီးဆုံးဖြစ်သည်။ အကျယ်အဝန်းသည် စတုရန်းမိုင် ၆၇,ဝဝဝ ဖြစ်၍ လူဦးရေ ၂ဝ,၂၈၂,ဝဝဝ ယောက်ရှိလေသည်။ ထိုစဉ်က ပြည်နယ်၏မြို့တော်သည် ကာနူးမြို့ဖြစ်သည်။

အန္ဓရပြည်နယ်၏မြောက်ဘက်တွင် မဟာရဋ္ဌပြည်နယ်၊ မဇ္ဈဒေသပြည်နယ်နှင့် ဩရိဿပြည်နယ်၊ အရှေ့ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် တမီနာဒူပြည်နယ်နှင့် အနောက်ဘက်တွင် မိုင်ဆိုပြည်နယ်နှင့် မဟာရဋ္ဌပြည်နယ်တို့ အသီးသီးဝန်းရံလျက်ရှိသည်။

အန္ဓရပြည်နယ်သည် အရေးပါသော ဆန်စပါးစိုက်ပျိုးရာဒေသဖြစ်သည်။ ထိုပြည်နယ်မှ တစ်ကမ္ဘာလုံးထွက် လချေးလေးတစ်ပုံထွက်ရှိ၍ မန်းဂနိ၊ ခရိုမိုက်၊ သံ၊ ကန့်၊ စသော သတ္တုများဖြင့်လည်း ကြွယ်ဝလေသည်။ အန္ဓရ-တယ်လဂူ ဘာသာစကား ပြောဆိုသူ လူများစု နေထိုင်ရာဒေသဖြစ်သဖြင့် ထိုပြည်နယ်ကို အန္ဓရပြည်နယ်ဟု ခေါ်တွင်ခဲ့လေသည်။ ၁၉၅၆ ခုနှစ်တွင် ပြည်နယ်များ ပြန်လည် ဖွဲ့စည်းသောအခါ ဟိုက်ဒရဗတ်ပြည်နယ်၏ တယ်လဂူခရိုင်များ ကို အန္ဓရပြည်နယ်၌ ပူးပေါင်းထည့်သွင်းကာ အန္ဓရဒေသဟူ၍လည်း အမည်ပြောင်းလိုက်သည်။ အကျယ်အဝန်းနှင့် လူဦးရေသည် တိုးတက်လာရာ ၁၉၇၁ ခုနှစ် စာရင်းအရ အန္ဓရဒေသ၏အကျယ်အဝန်းသည် စတုရန်းမိုင် ၁ဝ၆,၂၈၆ ဖြစ်၍ လူဦးရေ ၄၃,၃၉၄,၉၅၁ ယောက်ရှိရာ အကျယ်အဝန်းတွင် ပဉ္စမအကြီးဆုံး၊လူဦးရေတွင် စတုတ္ထအများဆုံး ပြည်နယ် ဖြစ်လာလေသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. The Gazette of India (PDF)။ Ministry of Home Affairs။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2015 တွင် ပြန်စစ်ပြီး။
  2. After 2200 Years, Amaravati Gets Back Power!
  3. Demography။ Government of Andhra Pradesh။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)