သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနဲ့ လက်ဘနွန်မှာ အပစ်ရပ်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို


အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ဆီးရီးယားနိုင်ငံ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားစဥ် Oct. 5, 2024.
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ဆီးရီးယားနိုင်ငံ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားစဥ် Oct. 5, 2024.

ဂါဇာနဲ့ လက်ဘနွန် မှာ အပစ်အခတ် ရပ်စဲဖို့ ဆီးရီးယား နိုင်ငံကို ရောက်နေတဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာဂ်ချီ (Abbas Araghchi) က ဆီးရီးယားက မဟာမိတ်တွေ ဆွေးနွေးရာမှာ မျက်မှောက်မှာ အရေးကြီးဆုံး ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲရေး အကြောင်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဒမတ်စကတ်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ “ဒီကိစ္စနဲ့ ပတ်သက်လို့ အစပျိုးမှုတွေ ရှိတယ်၊ ညှိနှိုင်းမှုတွေ အောင်မြင်မယ်ဖို့ မျှော်လင့်တယ်” လို့ သူက ပြောပါတယ်။ “ဒမတ်စကတ် ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဒေသတွင်း ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ ဖြစ်ပါတယ်” လို့ အာရာဂ်ချီက ပြောပါတယ်။

သူဟာ ဒီခရီးစဉ်မတိုင်ခင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်ကိုလည်း သောကြာနေ့က သွားရောက်ခဲ့တာပါ။ ဂါဇာကမ်းမြောင်မှာ အစ္စရေးက အပစ်အခတ်ရပ်စဲခဲ့ရင် လက်ဘနွန်မှာလည်း ဟဇ်ဘိုလာက အပစ်ရပ်ဖို့ လက်ခံနိုင်မယ် ဆိုတဲ့ သဘောထားကို အာရာဂ်ချီက ထောက်ခံ ကြောင်း ဘေရွတ်မှာ ပြောကြားခဲ့ပါတယ်။

လက်ဘနွန်နဲ့ ဆီးရီးယားကြား အဓိက ဆက်သွယ် ထားတဲ့ အဝေးပြေး လမ်းမကြီး အစ္စရေးက သောကြာနေ့က လေကြောင်းတိုက်ခိုက်ပြီးနောက်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရာဂ်ချီက ဒမတ်စကတ်ကို လေကြောင်းကနေ ဆိုက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အစ္စရေးဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ အိမ်နီးချင်း ဆီးရီးယားနိုင်ငံကနေ လက်ဘနွန်နိုင်ငံထဲက ဟဇ်ဘိုလာတွေကို လက်နက်တွေ ထောက်ပံ့နေတဲ့ လမ်းကြောင်းကို တားဆီးဖို့ ရည်ရွယ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ရာထူး ရယူခဲ့တဲ့ အာရာဂ်ချီရဲ့ ပထမဆုံး ဆီးရီးယား ခရီးစဉ်ဟာ အီရန်ကျောထောက်နောက်ခံပြု ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ပြီးနောက် ဂါဇာ ကမ်းမြောင်မှာ စစ်ပွဲ စတင်ခဲ့တဲ့ နှစ်ပတ်လည် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဂါဇာစစ်နောက်ဆက်တွဲ အဖြစ် အစ္စရေးဟာ လက်ဘနွန်နိုင်ငံက အီရန်မဟာမိတ် ဟဇ်ဘိုလာအဖွဲ့နဲ့လည်း ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။

အီရန်နိုင်ငံဟာ ဆီးရီယားနိုင်ငံ ဘာရှာအယ်လ်အာဆတ် အစိုးရရဲ့ အဓိက မဟာမိတ် နိုင်ငံ ဖြစ်ပြီး ဆီးရီးယားက ၂၀၁၁ လူထု ဆန္ဒပြပွဲတွေ ဖြိုခွင်းပြီးနောက် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တလျှောက်လုံး အာဆတ် အစိုးရကို အီရန်က ထောက်ခံပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG